Sunday, 11 September 2011
Mc Yan Yan Interview With MHC
Q :ကို YanYan မင်္ဂလာပါရှင် ......
Ans: ဟုတ်ကဲ့
Q :MC YanYan ဆိုတာ အစ်ကို့နာမည် အရင်းပဲလား.. ။........
Ans: အမေပေးတဲ့နာမည်မဟုတ်တာကတော့သေချာပါတယ်..ကိုယ့်နာမည်နဲ့ကိုယ်ပဲ ကိုယ်လုပ်ချင်ရာကိုယ်လုပ်ခဲ့ရတဲ့တွက်ပါ....
Q :အစ်ကို underground လောကထဲကို ဘယ်အချိန်လောက် က စတင်ဝင်ရောက်ခဲ့လဲရှင့်။ စရောက်ခါကစ ဘယ်လို အခက်အခဲတွေနဲ့ကြုံခဲ့ရလဲ ပြောပြပေးပါဦး။...
Ans: Underground သီချင်းတွေကို နားလည်သဘောပေါက်လာတဲ့ အချိန်တခုကပါ ။ အခက်အခဲတွေက များတော့ မမှတ်မိတော့ပါဘူး .. ကိုယ်လုပ်ချင်တာကိုယ်လုပ်တဲ့အတွက်လဲအခက်အခဲလို့မထင်ပါဘူး....
Q :ပထမဆုံးအကို လုပ်ဖြစ်ခဲ့တဲ့ သီချင်းအကြောင်းလေးပြောပြပေးပါလား.
Ans: ပထမဆုံးလုပ်ဘူးတာကတော့ လူတိုင်းမှာရှိမှာပါ....ခံယူချက်တခုစီလဲရှိမှာပါ. ..ကျွန်တော့်ရဲ့ ပထမဆုံးသီချင်းက ခုထိအပြင်မထွက်သေးပါဘူး ... အကြောင်းကြောင်းကြောင့် Save ထားခဲ့တာပါ... ကြာပါပီ Old Song လေးပါ.
Q : အစ်ကို့ ကို ဘယ်သီချင်းနဲ့ ပရိသတ်က စပြီး သတိထားမိသွားတယ် ထင်လဲ ရှင့်။
အဲ့သီချင်းရေးဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး.
Ans: ကျွန်တော်ကတော့သီချင်းတပုဒ်ကြာင့်ပဲလို့မထင်ပါဘူး..လုပ်ခဲ့ဘူးတဲ့သီချင်းတွေ လူတွေနဲ့ကိုက်ညီရင် ကျွန်တော့်ကို သူတို့သိနိုင်ပါတယ်
Q : အစ်ကို သီဆိုခဲ့တဲ့ နတ်ကနား သီချင်းလေးလဲ တော်တော်ပေါက်တယ်နော်.. အဲ့သီချင်းလေးကို ဘယ်လိုဆိုဖြစ်ခဲ့လဲ သိပါရစေရှင့်.....
Ans::).... ဒီလိုပါပဲဗျ ။ ကျွန်တော့်ရဲ့ဆန္ဒတခုထဲတွက်ဆိုဖြစ်ခဲ့တာပါ... :)
Q :အစ်ကို သီဆိုခဲ့တဲ့ သီချင်းတွေ အားလုံးထဲမှာ အစ်ကို အားအရဆုံး နဲ့ အကြိုက်ဆုံးသီချင်းအကြောင်းလေးလဲ ပြောပြပါဦး။
Ans: အသင့်ပြင်ဆိုတဲ့သီချင်းတပုဒ်ပါ.. baygyi ရယ် ကျွန်တော်ရယ်zayye freddy little-T တို့နဲ့ မရွည်ရွယ်ပဲ လုပ်ဖြစ်ခဲ့ပြီး ဟိုအပိုင်းဒီအပိုင်းမခွဲပဲ ကိုယ့်အကြောင်း ကိုယ်ပြောခဲ့ကြတဲ့ HipHop သီချင်းတပုဒ်ပါ..
Q : အစ်ကို သီဆိုခဲ့တဲ့ underground သီချင်းတော်တော်များများကို ပရိသတ်က ကြိုက်ကြတယ်လေ...အဲ့လို ပရိသတ်ကြိုက်အောင် သီချင်းလုပ်တိုင်း အစ်ကို ဘယ်လို ပြင်ဆင်ခဲ့လဲဆိုတာလေးကို ပြောပြပေးပါဦးရှင့်။
Ans: ကျွန်တော် စာမေးပွဲတောင်ပြင်ဆင်ချိန်မရှိလို့မဖြေပါဘူး။ ကိုယ့်ကိုကိုယ်လဲဘယ်သူ့ထက်မှပိုသားနားအောင်လဲမပြင်ဆင်ပါဘူး...ပရိတ်သတ်ကြိုက်အောင်ထက် သူတို့နဲ့လိုက်မဲ့အကြောင်းရာတွေကိုသာကျွန်တော်ပေးဆပ်ချင်တာပါ... ပြင်ဆင်တာထက်လေ့လာပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားပါတယ်
Q :အစ်ကို့ အကြိုက်နဲ့ ပရိသတ်အကြိုက် သီချင်းတွေကော ထပ်တူကျတာတွေရှိလား။
Ans: ရှိမယ်လို့ထင်ပါတယ်....ဥပမာ ကော်ဖီနဲ့ဂျယ်လီ .သီချင်းလိုပေါ့ ...ကော်ဖီကြိုက်တတ်တဲ့ 'ဘဲ' တွေ ရှိသလို 'ဂျယ်လီ'ကြိုက်တဲ့ဆော်တွေရှိနေတော့..ကျွန်တော်တို့ဘက်ကကောသူတို့ဘက်ကကော 'မတည့်တဲ့တာတွေ' တူနိုင်ပါတယ်...
Q :ပြည်တွင်း ပြည်ပ Rapper တွေထဲမှာ အစ်ကို ကြိုက်နှစ်သက်တဲ့ သူတွေက ဘယ်သူတွေလဲ မသိဘူးရှင့်...
Ans: ပြည်တွင်းကောပြည်ပကော တစ်ဦးတည်းကြိုက်နှစ်သတ်တဲ့အဆိုတော်ရယ်လို့တော့မရှိဘူး...ကျွန်တော်အပြင် တခြားသူတွေပါ လက်ခံလို့ရတဲ့အနေထားဆို..ကြိုက်ပါတယ်... ပြည်ပကဆိုလဲထွက်သမျှတော့ နီးစပ်သလောက်နားထောင်ဖြစ်တယ်..
Q : အခုလက်ရှိ မြန်မာပြည် Underground လောကကြီးနဲ့ ခုလက်ရှိတက်လားတဲ့ လူငယ်တွေအပေါ်မှာ အစ်ကို့ဘယ်လို မြင်မိလဲ သိပါစေ။
Ans: မြန်မာပြည် Underground လောကကြီးလို့ တင်စားပြီးပြောနိုင်ဖို့လက်ခံပေးမဲ့သူတွေရှိရင်သိပ်ကောင်းမှာပဲ.... .ကျွန်တော်အောင်မြင်အောင်ကျွန်တော်လုပ်နိုင်ပါတယ်.ပိုက်ဆံတွေကျွန်တော့်တွက် လုံလုံလောက်လောက်ရှိနေရင်ပေါ့... ဒိလာကအောင်မြင်အောင် လုပ်နိုင်ဖို့တော့ ကျွန်တော်တယောက်ထဲမလုပ်နိုင်ပါဘူး.. ဒါ့ကြောင့် ကျွန်တော်ထက် ဒိလောကပိုလေးနက်လာဖို့ ကျွန်တော်ကြိုးစားနေပါတယ်
Q :ဟုတ်ကဲ့ နောက်ထပ် ဟစ်ဟော့လောကထဲဝင်လာချင်တဲ့ လူငယ်တွေကို အစ်ကို ဘယ်လိုများအကြံပေးချင်လဲမသိဘူးရှင့်
Ans: ကျွန်တော်သိတဲ့ senior Rapper တယောက်ပြောဘူးသလိုပေါ့ .. MC တွေ လုပ်နေပေမဲ့ Funcy တွေမဖြစ်စေချင်ပါဘူး..HipHop ဆိုတဲ့ခေါ်င်းစဉ်အောက်ရပ်နေသရွေ့  Rapper တယောက်ဖြစ်နေဖို့ပဲ....ဒါပေမဲ့ R & B တွေကို ကျွန်တော်ကြိုက်တယ်...နားထောင်တယ် ..လက်ခံတယ်...(Music တကယ်ချစ်လို့ဝင်လာတဲ့သူတွေဆို .. သူဟာထွန်းထွန်းပေါက်ပေါက်မအောင်မြင်ရင်တောင်နေရာ...လေးတခုက..သူ့တွက် အမြဲ ရှိနေမှာပါ)..အဲဒီနေရာလေးကိုပဲ ယုံကြည်ချက်တွေနဲ့ စိတ်မလျော့ပဲ ၀င်လာစေချင်တယ်... ဒီ Underground က အောက်ခြေကစတဲ့ Rapper တိုင်းတွက် ရပ်တည်လို့ရတဲ့ ရင်ပြင်တခုပါ....
Q :ဟုတ်ကဲ့ ကျွန်မတို့ Myanmar Hip-Hop Channel နဲ့ပါတ်သတ်ပြီး အစ်ကို့ထင်မြင်ချက်လေးပြောပြပေးပါဦး။
Ans: အခွေဝယ်ဖို့အခြေနေမပေးနိုင်တဲ့သူတွေအပြင် .. စိတ်ဓာတ်ကျလို့ ကွန်နက်ရှင်ကောင်းနေရင် 5 မိနစ်လောက် စောင့်ပြီး ကြိုက်တဲ့ Tittle ရွေးချယ်နားထောင်နိုင်တဲ့ Music Box တခုလိုပါပဲ... နားထောင်တဲ့သူတိုင်း ကိုယ်ကြိုက်တဲ့ Singer ကိုရွေးချယ်ပီး New Song မှန်သမျှ Underground သီချင်းအပြင် သီးသန့် Official အခွေပါဒေါ်င်းနိုင်တော့ ပိုအဆင်ပြေသလိုပါပဲ...အရာတိုင်းမှာအားနည်းချက်ရှိပေမဲ့ လက်ရှိ မြန်မာပြည်မှာတော့ ဒီအနေထားလေးကသီချင်းတွေကို အလွယ်တကူရနိုင်တဲ့တွက်..အမြဲလေးစားပါတယ် .. စိတ်ရှည်ပေးတဲ့ ဒီ ဆိုဒ်က Member တွေကိုလဲ..အဆိုတော်တွေနဲ့ပရိတ်သတ်တွေကိုယ်စားကျးဇူးတင်ပါတယ်
Q : ဟုတ်ကဲ့ အခု နောက်ဆုံးအနေနဲ့ အစ်ကို့ကို အားပေးနေတဲ့ပရိသတ် တွေကို အစ်ကို ဘာများ ပြောချင်သေးလဲမသိဘူးရှင့်။
Ans: ကျွန်တော့်တွက် ' မိန်းကလေး ' ပရိတ်သတ်ကော ' ယောကျာ်းလေး ' ပရိတ်သတ်ကော ( သီးသန့် ) မလိုပါဘူး... MUSIC တကယ်ချစ်တဲ့ပရိတ်သတ်ပဲလိုပါတယ်.. အဲဒီကျွန်တော့ရဲ့ပရိတ်သတ်တွေတွက်လဲ.. ကျွန်တော်ယုံကြည်တဲ့ ဒီ Underground လောက ထဲကနေ သူတို့တွက် ဆိုတဲ့အသိတခုထဲနဲ့ပဲ သီချင်းတွေဆိုရင်း ကျွန်တော့်ရဲ့ဝေဖန်မူတွေကိုနားထောင်နေမှာပါ... အားပေးတဲ့ပရိတ်သတ်ကို 1 ယောက်ရှိလဲ ဒီကနေ ကျေးဇူး 1 ခါတင်ပါတယ်
Q :အခုလိုမျိုး စိတ်ရှည် လက်ရှည် မေးသမျှကို ဖြေကြားပေးတဲ့ အတွက် ကို YanYan ကို ကျွန်မတို့ MHC မှ အထူးကျေးဇူးတင်ရှိပါတယ်.. ကို YanYan အနေနဲ့လည်း ဒီထက်ဒီထက် ပိုပို ပြီး အောင်မြင်ပါစေလို့ ဆုတောင်း ပေးလိုက်တယ်နော်....
Ans: ဟုတ်ကဲ့ Music ချစ်တဲ့သူတွေကိုနဲ့Music ချစ်တတ်အောင်သင်ပေးနေတဲ့ Myanmarhiphopchannel ဆိုတဲ့ Site ကိုလဲကျွန်တော့ဘက်က အမြဲအားပေးပါတယ် ...ဟုတ်ကဲ့ ...Thz ...ပါ
Inverview By MC Angel
www.MyanmarHipHopChannel.com
Some Songs Of MC Yan Yan
MC Yan Yan Songs Collection Here
သူမကဂျယ်လီ...ကျွန်တော်ကကော်ဖီ-YanYan,Baygyi,Little-T here (Flash Song)
နတ်ကနား(MC Yan Yan) (New Version) Download Here
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment