Thursday, 15 March 2012
Interview with Double P
Dboyz::အကို Double P မင်္ဂလာပါဗျာ။ ကျနော်တို့  HHBC ဆိုက်ကနေ ပထမဆုံး interviewပါ။ အကို နာမည်အရင်းရယ်၊မွေးနေ့ ရယ် အသက်ရယ် ကို ပရိတ်သတ်ကြီး သိအောင်တချက်လောက်ပြောပြ ပေးပါအုံးဗျာ
Double P :: ဟုတ်ကဲ့ပါ မင်္ဂလာပါခင်ဗျာ
နာမည်အရင်းကတော့ နည်းနည်းရှည်လို့မပြောတော့ပါဘူး ..... ဟတ်ဟတ်
မွေးနေ့ကတော့ 3.11.1990 ပါဗျ
dOubel P* လို့ပဲမှတ်ထားပေးကြပါ
P ၂ လုံးပေါ့
Dboyz::ဟုတ်ကဲ့။ အကို Double P ဆိုတဲ့ nick ကို ဘယ်လိုပေးဖြစ်သွားလဲ ဆိုတာလေးလဲ တစ်ချက်လောက်ပြောပြပေးပါဗျာ
Double P:: ဟုတ် ... ကျွန်တော့်မှာက ငယ်ငယ်လေးထဲက အိမ်ခေါင်္နာမည်လေးတခုရှိတယ်ဗျ
အမျိုးတွေ ... ငယ်သူငယ်ချင်းတွေခေါင်္တာပေါ့ နောက်ပြီးတော့ ကျွန်တော့်
Homies တွေခေါင်္တဲ့ နာမည်လေးရှိပါတယ်အဲ့ နာမည်ကနည်းနည်းတော့ ဖောက်တယ်ဗျ ..
ခင်ဗျားတို့ ကြားရင် ထိုင်ပြီးတော့ကို ခွီနေမှာ ပေါ့ .... ဒါပေမဲ့ ပြောလိုက်တာပဲကောင်းပါတယ်
အဲ့လိုမေးနေတဲ့လူတွေလဲရှိတော့ .....
8:13 PM pp ဆိုတော့ ပိုင်ပိုင်လား .. ဘာလားညာလာပေါ့ ...
တကယ်တမ်းက ကျွန်တော်ကို ခေါင်္ကြတာ ဖူးဖူးပါ ... မိန်းမတော့ဆန်လိမ့်မယ်
အဲ့နာမည်ကို ကြိုက်ပြီးတော့ ပေးဖြစ်သွားတာပါ
:)
Dboyz :: အော်ဟုတ်ကဲ့ဗျာ။ အကို Double P အခုလောလောဆယ် ဘာလိုသီချင်းအသစ်တွေလုပ်ထားလဲဆိုတာ ပရိတ်သတ်ကိုပြောပြပေးပါအုံးဗျာ
Double P:: ကျွန်တော်ကတော့ ... dOubel P* ဆိုတဲ့ Image လေးတခုကို ဆန်းဆန်းပြားပြားဖြစ်စေချင်တယ်
အဲ့အတွက် ဖန်တီးရတာပေါ့နော် ..... သူများတွေထပ်ဆန်းအောင်လို့
ခင်ဗျားတို့ လေ့လာလို့ရပါတယ် ... ကျွန်တော်လျှောက်ခဲ့တဲ့ လမ်း ကျွန်တော့် သီချင်းတွေကို
တပုဒ်နဲ့တပုဒ် မတူအောင် အမြဲဖန်တီးနေပါတယ်
အခုတလောကတော့ Solo Mixtape တခွေလုပ်နေပါတယ် အဲ့ထဲမှာလဲ ပုံစံအသစ်တွေဖန်တီးထားပါတယ် .... နောက်ပြီးတော့ အခု တလော ရေပန်းစားနေတဲ့ Electro Muzik တပုဒ်ပါမယ် .. ကျွန်တော် လှိုင်းပြောင်းသွားတာမဟုတ်ပါဘူး
လုပ်တတ်တယ်ဆိုတာကို ပြောပြချင်တာလေးပါ
:)
Dboyz::ဟုတ်ကဲ့။
အကိုသီချင်းစာသားတွေက အရမ်းမိုက်တယ်နော် ပရိတ်သတ်တွေလဲကြိုတ်ကြတယ် အကိုဘယ်လိုခံစားမှုနဲ့ ရေးလဲဆိုတာ ပြောပြပါဗျာ
Double P::အာာာ .. အဲ့လောက်ကြီးလဲ မမိုက်ပါဘူးဗျာ ...
ကျွန်တော်ကို ကျွန်တော် အများကြီးလိုသေးတယ်ထင်ပါတယ် ...
ဘယ်လိုခံစားမှုလဲဆိုတော့ဗျ
ကျွန်တော်က Beatz , Arrangment , Sound Mixing , နောက်ပြီးတော့ အရေးအသားပေါ့နော်
သီချင်းတပုဒ် ဖြစ်ဖို့ကို ၁ယောက်ထဲပဲ RUN ရတယ်
တယောက်ထဲပဲ Studio ခ ရှာရတယ်ပေါ့နော်
ဟတ်ဟတ် အဲ့တော့ Beatz တပုဒ် ကအချောသတ်ပြီးသွားတာနဲ့ ကျွန်တော် အဲ့ Beatz ထဲမှာ သေချာကြီးကို စီးမျောပြီးမှရေးတာများတယ် ... နောက်ပြီးတော့ အတွေ့အကြုံတွေက စကားပြောသွားတာထင်ပါတယ်
ဟုတ်
................
Dboyz:: ဟုတ်ကဲ့။ အကိုဘယ်တုန်းကစပြီ သီချင်းစဆိုလဲ ပြီးတော့ အကိုက Beat တွေကိုယ်တိုင်တီးတယ်နော် အဲဒီလိုတီးတတ်တာဘယ်လောက်ကြာပြီးလဲ ဆိုတာကို ပရိတ်သတ်ကိုပြောပြပါအုံးဗျာ
Double P:: ဟုတ် ကျွန်တော်လွန်ခဲ့တဲ့ 4 နှစ်ပေါ့နော် အဲ့မှာစပြီးတော့ ဒီ Muzik ကိုစိတ်ဝင်စားမိတယ်
ကြိုက်တာကတော့ အားလုံးသိတဲ့အတိုင်းပဲ ACID ပေါ့ အဲ့မှာထဲက လူကဒီဂီတကဘာလဲ သိသွားပြီ
နောက်ပိုင်း သီချင်းတွေနားထောင်တယ် အများကြီးပေါ့ Hip Hop တွေပါပဲ ကိုကြက်ဖ, ကို J-me , ကို Bigg-y
ပြောနေရင်ပြီးမှာမဟုတ်ဘူး ချုံပြောရရင် 2 nd Generation ပေါ့ဗျာ အဲ့မှာ ပို ပြီးရှူးသွပ်သွားတယ်
နောက် သီချင်းတီးတာကလဲ ကိုယ့်ဘာ့သာ ကလိရတာဗျ ပင်ပန်းတယ် စာတွေဖတ်ရတယ် အဲ့ဒီ ကွန်ပြူတာကြီးေ၇ှမှာ အချိန် ဆိုတဲ့ ငနဲကြီးကို မေ့ထားပြီးတော့ကို မျောရတာ
စတီးတီးချင်းကတော့ လုံးဝ အဖူကြီး နောက်ပိုင်း သင်ဆ၇ာ မြင်ဆရာ ကြားဆရာတွေကနေပဲ သင်ယူသွားရတာပါ
(ဟိတ်ကောင် မင်း သီချင်းဆိုတာ ဒီလိုတီး၇တယ် ဆိုပြီး ) သင်ပေးတဲ့လူမရှိခဲ့ဘူး
သူများတွေထပ် ပင်ပန်းတယ်လို့တော့ ထင်တယ် ဗျ .......................
ဟုတ်
Dboyz:: ဟုတ်ကဲ့ NDCဆိုတာ အကိုရဲ့ Crew လား
Double P:: ဟုတ်ပါတယ်ဗျ ....အဲ့မှာရှင်းပြစရာလေးတော့ရှိတယ် ကျွန်တော်တို့ကတရပ်ကွက်ထဲမှာနေတဲ့ဘဲတွေကြီးပဲ အဲ့တော့ N.D.C (North Dagon Crew) ထဲမှာက
Member 5 ယောက်ရှိတယ် Mc.Boney & Yum Joker Lay သူတို့ ၂ယောက်က
$ox အဖြစ်ရပ်တည်တယ် နောက် Timmy & Thaw Thaw သူတို့က Flash Gunz အဖြစ်ရပ်တည်တယ်ပေါ့နော် နောက် ကျွန်တော်ကတော့ တယောက်တည်းပေါ့ အဲ့လိုအဖွဲ့ တွေ ပြန်ပေါင်းထားတဲ့ Crew ကြီးပါ
ဟုတ် ......................
Dboyz:: အော်ဟုတ်ကဲ့။ အကိုဆိုထားတဲ့သီချင်းအရေအတွက် ဘယ်လောက်ရှိပြီလဲဆိုတောပြောပြပေးအုံးဗျာ
Double P::ဟုတ်ကဲ့ ဟိုး စလုပ်ကတည်းက ကိုရည်ကြည့်မယ်ဆိုရင် ......
အကုန်လုံးပေါ့နော် Feat ဆိုပေးရတာတွေကိုရော ကြည့်မယ်ဆို 50 ကျော် 60 ရှိပြီထင်ပါတယ်
တချို့က အပြင်ကို မရောက်သေးတဲ့ သီချင်းတွေရှိပါသေးတယ်
ဟုတ်
Dboyz :: ဟုတ်ကဲ့ အကိုDouble P ကို ပရိတ်သတ် စသိခဲ့တဲ့သီချင်းက ဘယ်သီချင်းလို့ ထင်ပါသလဲ
Double P:: အဲ့လိုတော့မပြောတတ်ပါဘူးဗျ ...
ကျွန်တော် Y.G.N Beatz Entertainment ဆိုတဲ့ တခွေပေါ့နော် အဲ့ဒါက ပထမဆုံး ဝေဖြစ်တဲ့ အခွေပါ
အဲ့မှာလူနည်းနည်းသိတယ်ထင်ပါတယ် ဒါပေမဲ့ အဲ့အခွေက Sound Quality အရမ်းဂွမ်းတယ်
Studio အသေးစားလေးမှာ Mixer အသေးဆုံးနဲ့ ကျွန်တော်ကိုယ်တိုင်ဖမ်း ကိုယ်တိုင်တီးခဲ့ရတာ ဆိုတော့
စိတ်တိုင်းတော့မကြပါဘူး ကျွန်တော်ထင်တာကတော့ ကျွန်တော့်ရဲ့ Catch Ya Breath (MTV)
က တစိတ်တပိုင်းပါမယ်ထင်ပါတယ်
ဟုတ်
............................
Dboyz :: အော် အကို ကြိုတ်တဲ့ မြန်မာဟစ်ဟော့ အဆိုတော်တွေရှိလား နိုင်ငံခြားကအဆိုတော်တွေထဲမှာကောဘယ်သူတွေကိုကြိုတ်လဲ ပြောပြပါဗျာ
Double P :: ဟုတ်အများကြီးပါပဲ ကျွန်တော် ဒီက သီချင်းတွေ သိပ်နားမထောင်ဖြစ်ပါဘူး အခုတလောကြိုက်နေတာကတော့ Ghetto Vision ကထုတ်ပေးထားပြီး Shady Record ကထွက်လာတဲ့ Yelawolf နောက်ပြီးတော့ Swagger မှာကျွန်တော်ကြိုက်တာက Waka Floka Flame, Gucci Mane
နောက်ပြီးတော့ YMCMB ကတကောင်မှ မကြိုက်တာခက်တယ် Muzik အပိုင်းလောက်ပဲနားထောင်ဖြစ်တယ်ဗျ နောက်ပြီးတော့ အများကြီးပါပဲ နိုင်ငံခြားကဆိုရင်တော့
ကျွန်တော့် ၇ဲ့ အကြိုက်ဆုံးကတော့ Eminen တယောက်လို့ကျိန်းသေပြောလို့ရတယ် သူ့၇ဲ့ Lose Yourself သီချင်းနဲ့ ဒီလောကထဲ ၀င်လာတယ်လို့ ပြော၇ဲတယ်
ဒီနိုင်ငံမှာကတော့ ကျွန်တော်ကတော့2nd Generation ပါပဲ
ကျန်တောကတော့..............
ကျန်တာတွေကတော့ ..........
ဟုတ်
Dboyz ::ဟုတ်ကဲ့. . အကို မြန်ပြည် က underground အဆိုတော်တစ်ချို့ ကိုဘယ်လိုမြင်ပါသလဲ
Double P :: ဟုတ် .. ဘယ်အရာမဆို အကောင်းနဲ့ အဆိုး တွဲနေတတ်တဲ့ လောကကြီးထဲမှာတော့
၂ မျိုး ၂ စားရှိမှာပါပဲ သေချာတာတခုကတော့ UG က ဘဲတွေ အကုန်လုံးကတော့ ကျွန်တော်မြင်တာ
2012 မှာ တော်တော်ကြိုးစားကြလိမ့်မယ် နောက်ပိုင်းကဘယ်လိုဖြစ်လာလဲဆိုတော့ဗျာ
ခင်ဗျားတို့ Show ပွဲတပွဲသွားကြည့်တယ်ပဲထားပါတော့ ....အဲ့ပွဲမှာ အောက်က ပရိသတ်တွေရှိမယ် အဲ့လူတွေထဲမှာပျှမ်းမျှပေါ့ အယောက် 100 ရှိတယ်ဆိုရင် အယောက် 70 က သီချင်းလုပ်တယ်
ကျန်တဲ့ အယောက် 30 က ဘာလို့မလုပ်လဲ ခင်ဗျားသိလား ????
( အဲ့ဒါ သူတို့က 10 မအောင်သေးလို့တဲ့ )
ဟတ်ဟတ်
ဘယ်လိုလုပ်မလဲ
အရမ်းကို သီချင်းလုပ်တဲ့လူတွေပေါလာပြီ
တကယ်အရည်အချင်း ဖို့တော့လိုတယ်ဗျ
ဟုတ် ..........
Dboyz :: အော် ဟုတ်ကဲ့. အခုဆိုရင်လူတိုင်းလို့ က Mc ဆိုတာကိုသုံးနေကြတယ် အကိုအမြင်မှာ Mc တစ်ယောက်ဖြစ်ဖို့ ဘယ်လို အရည်အချင်းလိုလဲဆိုတာပြောပြပါဗျာ
Double P:: Mc ...အင်းလူတိုင်း သုံးကြတယ်ဗျ ကျွန်တော်မြင်တာကတော့ သူတို့ နာမည်ကြီးက ဘာကြီးပဲဖြစ်နေပါစေ ဘယ်လောက်ပဲ မိုက်နေပါစေ ၁၀ လောက်ပဲဖြစ်နေပါစေ
သူတို့ ပရိသတ်၇ဲ့ နားထဲကို မရောက်ရင် အလကားပဲ နာမည်ကြီးက ဂွမ်းနေပြန်စေ အဲ့ဘဲက အမိုက်စားကြီးတွေ လုပ်ပြမယ်ဆိုရင် ပ၇ိသတ် နားထဲရောက်သွားရင် အဲ့ ဘဲကို လူသိမှာပဲလေ ကျွန်တော်ကတော့နာမည်အရေးမကြီးဘူးထင်တယ် သူလုပ်ပြတဲ့အနုပညာပဲအရေးကြီးပါတယ်
mc ဖြစ်ဖို့အရည်အချင်းကတော့ ကျွန်တော်မပြောတတ်ဘူး ကျွန်တော်လဲ အရည်အချင်းပြည့်ဝနေတဲ့ လူမဟုတ်ဘူးလေ အခုမှ လေ့လာဆဲ .. သင်ယူဆဲပါ
dOubel P* ဆိုတဲ့ကောင် လေ့လာဖို့အများကြီးကျန်ပါသေးတယ်
ဟုတ် ...........
Dboyz :: ဟုတ်ကဲ့ဗျာ အကို ကအခုနာမည်ရနေတဲ့အဆိုတော်တစ်ယောက်ဖြစ်နေပြီဆိုတော့ အကို ကိုမှန်းနေတဲ့ haters တွေကိုဘယ်လိုများပြောချင်လဲဒီကနေပြောပြလိုက်ပါ :)
Double P:: ဟာာာ အကောင်းဆုံးမေးခွန်းပဲဗျာ ပြောချင်ပါတယ် အများကြီးပေါ့
ကျွန်တော့်ကို ချစ်တဲ့လူရှိသလို မုန်းတဲ့လူလဲရှိမှာပဲ လက်ခံပါတယ် သူတို့ကိုပြောချင်တာက ကိုယ်လမ်းကိုလျှောက်နေတဲ့ လူတယောက်ကို ဘေးနားက ဘယ်လိုအနှောက်အယှက်မျိုးပေးပါစေ အဲ့လူက ကိုယ်လျှောက်ရမယ့် လမ်းအရှေ့ / ကိုယ့်၇ဲ့ပန်းတိုင်ကိုပဲ ကြည့်ပြီးလျှောက်တတ်တယ်လို့ ပြောချင်ပါတယ် နောက်ဆုံးတခွန်းက (လောကကြီးမှာ ကျေးဇူးကန်းတတ်တဲ့ကောင်တွေက ဘယ်တော့မှ မကြီးပွားဘူး ဆိုတာပါပဲ )
ဟုတ်
ဒီ မေးခွန်းအတွက် ကျေးဇူး
Dboyz ::ဟုတ်ကဲ့ဗျာ အကို HipHopBattleCity ဆိုက်မှ ဒီလိုအင်တာဗျုးတာကို ဘယ်လိုမြင်ပါသလဲ
Double P :: ဟုတ် ကောင်းပါတယ်ဗျ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လို UG ကကောင်တွေမှာက အခက်အခဲတွေအများကြီးပါ ကိုယ့်သီချင်းကို ဘယ်လောက်ပဲ လူသိနေပါစေ
ပိုက်ဆံမရှိတဲ့အတွက် Media အပိုင်း ကို မရောက်နိုင်ကြပါဘူး အထူးသဖြင့် ဒီလို interview တွေပေါ့ဗျာဒီလို interview တွေကို UG က ဂေါင်္တဲ့ ဘဲတွေကို မကြာမကြာမေးစေချင်ပါတယ် ဘာပဲပြောပြောကောင်းပါတယ်
ဟုတ်
Dboyz :: ဟုတ်ကဲ့ကျနော်တို့ မေးမှာပါ UG ကလူတွေကို ....
အကိုDouble P အခုလို ဖြေဆိုပေးတဲ့အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်. အကိုDouble P ကို ပရိတ်သတ်တွေ ဆက်သွယ်လိုရအောင် Contact လေးပေးခဲ့ပါ
Double P::ဟုတ်ကဲ့ ပရိတ်သတ်တွေကိုပြောချင်တာကတော့ ကျွန်တော့်၇ဲ့ Beatz တွေကိုကြိုက်လို့ ကျွန်တော်နဲ့ အလုပ်လုပ်ချင်တယ်ဆိုရင် ကျွန်တော် ကြော်ငြာတခုလောက်ဒီကနေ လုပ်သွားချင်ပါတယ်
ကျွန်တော် Dirty Boyz Muzik Production ဆိုပြီးတော့ beatz အခက်အခဲရှိတဲ့လူတွေအတွက်
ကျွန်တော် Production တခုထောင်ထားပါတယ် စိတ်ဝင်စားမယ်ဆိုရင် ဆက်သွယ်လိုက်ပါ ဖုန်းနံပတ်ကတော့ 09-43110282 / 09-49204139 / 095183770 တို့ပါ
နောက်ပြီးတော့ကျွန်တော့် g-mail acc က doublepindastreet@gmail.com နဲ့
Facebook မှာတော့ dOubel P* ဆိုတဲ့ Fun Page(click here to Go Fun page) ကိုဆက်သွယ်နိုင်ပါတယ် လို့
ကျွန်တော့ သီချင်းကိုနားထောင်ပေးကြတဲ့ လူတွေ အားလုံးကို ကျေးဇူးကမ္ဘာပဲ ဟုတ်
အောက်ကPlayerတွင် Dirty Boyz Muzik Production က Beatပါ!!!
Dboyz :: ဟုတ်ကဲ့ဗျာ အခုလို စိတ်ရှည်ရှည်ဖြေပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ် ဒီထက်အများကြီးအောင်မြင်ပါစေလို့  ဆုတောင်းပေးပါတယ်ဗျာ :)
Double P :: ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ လက်တော့တော်တော်ညောင်းသွားပြီ ( Just kidding )
Peace Out !! 4 all Hiphopper and mY Homies
~THE END~
Double P ရဲ့ သီချင်းသုံးပုဒ်ပါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment