
Featuring :Jumpa, Fantasia, Casper, Yong P.B.D, Xesar Boi, MC FREDDY, Hlyan4, John 9, ရဲနောင်,
Download With Up4vn
Download With Mediafire --->



![[Always+Wanted+To+Be+Like+Nitric+Acid...+Ko+Zayyar+Thaw.jpg]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtiBKdQEmC6b-G5qTTz6gHn6cmku-Dg_5_N_bN4UmX3xpJmf6GAxXMCa8g4SDMKuzPfZJI1FyXamJ_UD8VBVKWTzjCEIe8fJw0gAKlsx4juw0RyNOgEq32ZsfKdoslRDDlJHa2RKpntpex/s1600/Always+Wanted+To+Be+Like+Nitric+Acid...+Ko+Zayyar+Thaw.jpg)






သီချင်းရေးပေးတယ်။ သီချင်းရေးပေးလို့ရှိရင် ကျွန်တော်က သီချင်းရေးခ ပြန်ပြီးတော့ရတယ်။ အဲဒီရေးတဲ့ သီချင်းရေးခနဲ့ ကျွန်တော် သီချင်းသွားတီးတယ်။ သီချင်းသွားတီးပြီးမှ ကျွန်တော်ဆိုဖို့အတွက်ကို ကျွန်တော် သပ်သပ်တစ်ပုဒ် ထပ်ရေးရတယ်။ အဲဒီလိုလုပ်လာတယ်ပေါ့နော်။ နောက်ပိုင်းသီချင်းက studio သွားရင်းလာရင်းနဲ့ studio မှာ အင်ဂျင်နီယာတွေ သူတို့ကိုင်တာတွေ နည်းနည်းပါးပါးကြည့်၊ မသိတာလေးတွေ နည်းနည်းပါးပါးမေးပြီးတော့ သီချင်းစတီးတယ်။ အဲဒီစတီးတဲ့အချိန်မှာ ကျွန်တော့်ကိုလည်း ဘယ်သူမှ show လည်းမခေါ်သေးဘူး။ ဘယ်သူမှလည်း အဖက်မလုပ်ဘူး။ အဲဒီလိုနဲ့ studio အင်ဂျင်နီယာတွေဆီကနေပြီးတော့ သူတို့တီးနေတာတွေကို ကျွန်တော်မသိတာလေးတွေ မေးပြီးတော့ နည်းနည်းပါးပါး မဆိုသလောက်လေး နည်းနည်းပါးပါး သိလာတယ်။ အဲဒီ သိတာလေးနဲ့ပဲ ကျွန်တော်အိမ်မှာ အဲဒီတုန်းက Fruity Loop က 5 လား မသိဘူး ပေါ်နေပြီ။ အဲဒီတော့ အဲဒါနဲ့ ကျွန်တော်တို့စတီးတယ်။ တီးတယ်ဆိုပေမယ့်လဲ အဲဒီတုန်းက စုတ်ပြတ်သပ်နေတာပဲဗျာ။ တီးလုံးကတော့ လုံးဝစုတ်ပြတ်သပ်နေတာပဲ။ အဲဒါလေးကိုပဲ ကျွန်တော်ရအောင်တီးတယ်။ အချိန်ယူပြီးတော့ သေချာ တစ်ပုဒ်တစ်ပုဒ်တီးတယ်။ တစ်ပုဒ်တစ်ပုဒ်ကို အဲဒီတုန်းက တီးတယ်၊ ရေးတယ်၊ သေချာမရမကကို ရေးတယ်။ တစ်လလောက်ကိုကြာတယ် တစ်ပုဒ်တစ်ပုဒ်ကို။ တစ်လကို တစ်ပုဒ်နှုန်းလောက်တော့ ကျွန်တော့် သီချင်းတွေက ပုံမှန်ထွက်နေတယ်။ အဲမှာ Ezy ပွဲမှာ ဆိုတော့ ကျွန်တော် အဲမှာ sample လေးတွေ စင်ပေါ်ကနေ စကြဲတယ်။ sample ပထမဆုံး စကြဲတယ်။ အဲဒီ၃ပုဒ် စဖြန့်လိုက်တဲ့အချိန်မှာ လူနည်းနည်းလေး သိသွားတယ်။ Rapper တွေထဲက နည်းနည်းပါးပါး သိသွားတယ်။ အဲမှာ နည်းနည်း အခြေအနေ ကောင်းလာတယ်။ နောက်ပိုင်း ကျွန်တော် အဲအချိန်မှာ ကျွန်တော်တစ်ယောက်တည်း show ပွဲတွေသွားကြည့်တယ်။ နာမည်ကြီးတဲ့ထဲက သူငယ်ချင်းတယောက်မှ မရှိဘူး။ အဲတုန်း N Zai တို့ ရှိမယ်။ လန်ဘားတို့နဲ့ ကျွန်တော်တို့နဲ့ မခင်သေးဘူး။ တခြားသူငယ်ချင်းတွေရှိတယ်။ show တွေ ဘာတွေ သွားကြည့်တော့ အဲမှာ ကျွန်တော် ပထမဦးဆုံး underground MTV လေး ရိုက်တယ်။ MTV ဆိုတာ ကျွန်တော့် handy cam လေးနဲ့ပဲ။ ကျွန်တော့် ကင်မရာလေးနဲ့ပဲ သူငယ်ချင်းတွေခေါ်ပြီးတော့ ပိုက်ဆံတစ်ပြားမှမကုန်ဘူး။ ကျွန်တော် ကိုယ့်ရဲ့သီချင်းလေးကို ကိုယ့်ဘာသာကိုယ် မရမကရိုက်တယ်။ ပြီးတော့ ကိုယ့်ကွန်ပြူတာကလေးနဲ့ ကိုယ့်ဟာကိုယ် edit သေချာလုပ်ပြီးတော့ လုံးဝကို underground ဆန်ဆန်လေးပေါ့နော်။ အဲဒီဟာလေးကို အချပ် ၁၀၀လောက် ကူးပြီးတော့ စင်ပေါ်ကနေ ထပ်ပြီး ဖြန့်လိုက်တဲ့အချိန်မှာ ဖြန့်လဲဖြန့်လိုက်ရော မပေါက်သေးဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော့်အခွေက အဆိုတော်တွေလက်ထဲ ရောက်သွားတယ်။ အဲဒါ ဘယ်သူ့လက်ထဲကို ရောက်သွားလဲဆိုတော့ ရသလက်ထဲကို ရောက်သွားတယ်။ သူ့လက်ထဲရောက်သွားတော့ သူက show ပွဲမှာ အဲဒီတုန်းက သူဆိုခါနီးလားမသိဘူး။ ကျွန်တော်က ထိန်ဝင်းနဲ့ ခင်တော့… ကျွန်တော်တို့ အဖွဲ့ထဲက ထိန်ဝင်းပေါ့နော်… အဲဒီတုန်းက နည်းနည်းခင်နေတဲ့ အချိန်ကျတော့ ကျွန်တော် သူနဲ့ စကားပြောနေတဲ့အချိန်မှာ ရသကလာပြီးတော့ ဂျောက်ဂျက် မင်းဟာအရမ်းမိုက်တယ်ပေါ့နော်… မင်း MTV အရမ်းမိုက်တယ်ပေါ့။ အဲဒီတုန်းက ယုန်လေးနဲ့ကလည်း မခင်သေးဘူး။ အဲလောက်မခင်သေးဘူး။ မြင်ဘူးတယ်သလိုလိုတော့ ရှိတယ်။ သူက အဲမှာ ကျွန်တော့် ဖုန်းနံပါတ်တောင်းသွားတယ်။ နောက်နေ့မနက်… အဲ နေ့လည်လောက်ကျတော့ ကျွန်တော် အပြင်သွားနေတဲ့အချိန်မှာ အိမ်ကိုဖုန်းဆက်တယ်။ ကျွန်တော် ဖုန်းပြန်ဆက်တော့ သူက 65 မှာ ရှိတယ်တဲ့။ ရသရယ်၊ Bigg Y ရယ်၊ ၂ ယောက်ရှိတယ်ပေါ့နော်။ Bigg Y ကလည်း ခေါ်တယ်။ ရသကလည်း လာခဲ့ပါဆိုတော့ အဲတုန်းက ဘယ်လောက်မွဲလည်းဆိုတော့ ကျွန်တော် ကို Bigg Y၊ ကိုရသ ကျွန်တော် studio လာဖို့ ကားခမရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ အဲဒီမှာ Bigg Y က ငါပေးမယ်တဲ့။ အဲဒါနဲ့ပဲ ကျွန်တော် အဲဒီ studio ကို ရောက်သွားတယ်။ အဲဒီမှာ ရသတို့နဲ့ စတွဲဖြစ်တယ်။ သူတို့ကျေးဇူးတွေက အများကြီးပဲ။ ရသကော၊ Bigg Y ကော၊ အဲမှာ လင်းပင်ဟိန်းတို့လည်းရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ ကျော်ထွဋ်ဆွေနဲ့က အရင်ကတည်းက ခင်ထားဖူးတယ်။ အဲဒီအချိန်မှာ ကျော်ထွဋ်ဆွေကို အခွေလုပ်ပေးမယ်ဆိုပြီး လင်းပင်ဟိန်းနဲ့ ကျော်ထွဋ်ဆွေနဲ့က သီချင်းတွေလုပ်နေကြတာ။ အဲဒီမှာ လင်းပင်ဟိန်းက ကျွန်တော့်ကိုမေးတယ်။ ဂျောက်ဂျက်တဲ့ ကျော်ထွဋ်ဆွေနဲ့ ၂ ယောက်တွဲအခွေလေး လုပ်မလားတဲ့။ လုပ်မှာပေါ့လို့။ ရပါတယ်လို့။ ကျော်ထွဋ်ဆွေက ကျွန်တော့်သူငယ်ချင်း။ ကျွန်တော် သူ့ကိုလည်း ကြိုက်တယ်။ သူဆိုတာကလည်း ကောင်းတယ်ဆိုတော့ အဲလိုနဲ့ ကျွန်တော်တို့ ၂ ယောက်က သီချင်းစလုပ်ဖြစ်တယ်။ သီချင်း ၂ပုဒ်၊ ၃ ပုဒ် လုပ်ပြီးတဲ့အချိန်မှာ ကျော်ထွဋ်ဆွေက Ah Boy ရယ်၊ ကျော်ထွဋ်ဆွေရယ်၊ ထိန်ဝင်းရယ် အဲဒီတုန်းက သူငယ်ချင်းနောက်ထပ် ၂ ယောက်၊ ၃ယောက်လောက်ပါတယ်။ အဲဒီ သူတို့နဲ့ V.I.P ဆိုပြီး family လေး ဖွဲ့ပြီးသွားပြီ။ အဲဒီမှာ ကျော်ထွဋ်ဆွေက ကျွန်တော့်ကိုပြောပြတယ်။ ငါတို့ အဖွဲ့လေး အဲလိုပဲရှိတယ်ပေါ့နော်။ ကျွန်တော်ကလည်း ကောင်းတာပေါ့လို့။ အဲလိုနဲ့ နောက်ပိုင်းကျတော့ Ah Boy က ကျွန်တော့် MTV ကို ကြည့်ပြီးတော့ Ah Boy က အရမ်းကြိုက်တယ်ပေါ့နော်။ ကျွန်တော့်ကို ခေါ်မယ်ဆိုပြီးတော့ ကျွန်တော့်ကို စကားခေါ်ပြောကြတယ်။ ထိန်ဝင်းတို့နဲ့။ အဲတုန်းက ကျွန်တော်က အရမ်းပြဿနာများတယ်။ ပြသာနာများတယ်ဆိုတာက shock တွေ ရှိတာတို့၊ ကျွန်တော် အရင်တုန်းက ငြိတဲ့ ကောင်တွေနဲ့ ရန်ဖြစ်တွေဘာတွေဖြစ်တာ။ အဲဒီမှာ ထိန်ဝင်းက ကျွန်တော့်ကို family ထဲကို မထည့်ဖို့ Ah Boy ကို ပြောတယ်။ (ရယ်လျက်) သူကလည်း သိတယ် မဟုတ်လား။ ဒီအဖွဲ့မှာ ကွိုင်တွေ ဘာတွေ တက်မှာဆိုးလို့။ ကျွန်တော့် shock တွေ ပါလာမှာဆိုးလို့ (ရယ်လျက်)။ Ah Boy က မရတော့ဘူး။ ထည့်ကိုထည့်မယ်။ အဲဒီတုန်းက ထိန်ဝင်း တားတာပေါ့နော်။ အဲဒါ ကျွန်တော်တို့ ပြန်ပြောပြပြီးတော့ ရယ်စရာလေးတွေဖြစ်သေးတယ်။ အဲမှာ V.I.P ဆိုတဲ့ အဖွဲ့လေး ဖွဲ့ဖြစ်တယ်။ ဖွဲ့ဖြစ်ပြီးတော့ ကျွန်တော်တို့ ဒီ sample လေး ဝေလိုက်တယ်။ အဲ sample လေးမှာ ၁၂ ပုဒ် ၁၃ ပုဒ်လောက်ပါတယ်။ အဲဒီမှာ တစ်နိုင်ငံလုံးအနေအထားနဲ့ ပေါက်တယ်ဆိုလို့ရှိရင် ကျော်ထွဋ်ဆွေရဲ့ “မတူညီတဲ့” သီချင်းပေါက်တယ်။ ကျွန်တော်တို့ ရန်ကုန်မှာ နည်းနည်း ကျွန်တော်တို့နဲ့ လိုက်ဆိုလို့ရမယ့် သီချင်းလေ၊ နည်းနည်းပါးပါး လိုက်ဆိုလို့ရမယ့် “ရှိတ်ကြစို့” တို့၊ ပြီးတော့ နောက် “ငါ၏စာသား” တို့ အဲလိုမျိုး သီချင်းလေးတွေ နည်းနည်း အပြင်ရောက်သွားတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော် ဘိုစိုင်း show မှာ စဆိုနေရပြီ။ ဘိုစိုင်း show ကို စဆိုဖို့အတွက်ကလည်း ကျွန်တော် အစက ဘိုစိုင်းနဲ့လည်း ကျွန်တော်နဲ့ မခင်ဘူး။ ပွဲလုပ်တဲ့လူ။ အဲဒါကို ရသက သူဆိုနေရတဲ့အချိန်မှာ ဂျောက်ဂျက်…မင်းလာဆို ဆိုပြီး သူမဆိုခင်မှာ ကျွန်တော့်ကို အမြဲတမ်း ရှေ့မှာ ပေးပေးဆိုတယ်လေ။ အဲဒါ သူ့ကျေးဇူးတွေပေါ့နော်။ သူခေါ်ဆိုလို့ ကျွန်တော် အခုလိုဖြစ်လာတာ။ အဲဒါ နောက်ပိုင်းကျတော့ ဘိုစိုင်းက ကျွန်တော်ကိုစပြီးတော့ show ပွဲတွေဆိုဖို့ စကမ်းလှမ်းလာတယ်။ အဲဒီမှာ တစ်ယောက်တည်းအနေနဲ့ ကျွန်တော် ဆိုတယ်၊ အဖွဲ့အနေနဲ့လည်း ဆိုတယ်။ အဲဒီမှာ နောက်ပိုင်းကျတော့ သီချင်းတွေ ဖြန့်ရင်းဖြန့်ရင်းနဲ့ သီချင်းတွေက ပြန့်တာများပြီးတော့ ကွိုင်တွေတက်တယ်။ အဲဒီမှာ ကွိုင်တွေတက်ပြီးတော့ ကျွန်တော်တို့ V.I.P ဆိုတဲ့ အဖွဲ့ကို Rock Star ဆိုပြီးပြောင်းလိုက်တယ်။ V.I.P မှာ အစတုန်းက ၄ ယောက်။ ကျွန်တော်ရယ်၊ Ah Boy၊ ထိန်ဝင်း၊ ကျော်ထွဋ်ဆွေ ၄ ယောက်။ ၄ ယောက်ဆိုပြီးတော့ V.I.P လုပ်တယ်။ နောက်ပိုင်း Rock Star ဖြစ်သွားပြီးတော့ ၂လလောက်လည်းကြာရော ကျွန်တော့်ကို show ပွဲတစ်ပွဲမှာ Rapper တစ်ယောက် အခွေလာပေးတယ်။ သူ့နာမည်က လွှမ်းပိုင်တဲ့။ သူပြောတာ ကောင်းကောင်းမွန်မွန်ပါပဲ။ အခွေလာပေးသွားတယ်။ ကျွန်တော် သူ့အခွေကို နောက်နေ့ကျတော့ အိမ်မှာပြန်နားထောင်ဖြစ်တယ်။ အဲအချိန်တုန်းက sample က အရမ်းများတယ်။ ပွဲတစ်ပွဲမှာ sample ဖြန့်တဲ့သူက ၆ ခွေလောက် ရှိတယ်။ ကျွန်တော်ကလည်း ထူးထူးခြားခြား အဲကောင်အခွေကိုမှ သေချာသတိထားပြီးတော့ အိတ်ထဲထည့်ထားလိုက်မိတယ်။ ကျန်တဲ့အခွေတွေကိုလည်း သူငယ်ချင်းတွေကို ခဏကိုင်ခိုင်းထားတာနဲ့ အဲလိုဖြစ်သွားပြီးတော့ ပျောက်သွားတဲ့ အခွေတွေလည်း ပျောက်သွားတယ်ပေါ့နော်။ အဲဒီမှာ လွှမ်းပိုင်အခွေကို ကျွန်တော် နားထောင်ကြည့်တော့ သူက Twist တွေ အရမ်းဆိုပြီးတော့ အရမ်းမိုက်တယ်။ အရမ်းမိုက်တော့ ကျွန်တော်က Ah Boy နဲ့ တိုင်ပင်တယ်။ family ထည့်မလား။ ထည့်မယ်ဆိုတော့ အဲဒါနဲ့ပဲ family ထဲထည့်ပြီး Rock Star ဆိုတာ ဒီလိုမျိုး ဖြစ်လာတယ်ပေါ့နော်။
ဂျောက်ဂျက်အနေနဲ့ကော သီဆိုခဲ့တဲ့ Hip Hop သီချင်းပေါင်း ဘယ်နှစ်ပုဒ်လောက် ရှိသလဲခင်ဗျ။
စက်ပစ္စည်းတွေ၊ အရေးကြီးတဲ့ အိမ်အတွက်လိုမယ့်ပစ္စည်းတွေ ပို့တဲ့အချိန်မှာ အဲဒီလိုအခွေလေးတွေ ပါပါလာတယ်။ အဲဒါ ကျွန်တော် ဖွင့်ဖွင့်ကြည့်တယ်။ အဲဒီတုန်းက DVD တွေတောင် ခေတ်မစားသေးဘူး။ VCD တွေ ခေတ်စားနေတဲ့အချိန်။ VCD လား Tape လား မသိဘူး။ ကျွန်တော် စနားထောင်တာ Tape လား မသိဘူး။ အင်း… Tape ခွေနဲ့ စနားထောင်ဖူးတာ။ စဖွင့်ကြည့်တော့ သူတို့တွေ ကနေတာပေါ့နော်။ ကျွန်တော်ကလဲ မသိဘူး ငယ်ငယ်လေးပဲရှိသေးတော့ အဲဒီတုန်းက။ အဲဒီ Bob Marley တို့ ဘာတို့ နားထောင်တုန်းက ကျွန်တော် တော်တော်ငယ်သေးတယ်။ ၅ တန်း၊ ၆ တန်းလောက်ပဲ ရှိဦးမယ်။ အဲလောက်ပဲရှိဦးမယ်ပေါ့နော်။ အဲဒီတုန်းကတော့ သြော်… ကောင်းတယ်ပေါ့။ ကောင်းတယ်ဆိုတာ ကျွန်တော်လည်း နားမလည်ပါဘူး အင်္ဂလိပ်လို။ ဘာတွေဆိုနေမှန်းလဲ မသိဘူး။ ဒါပေမယ့် သီချင်းလေးတွေက နားထောင်လို့ကောင်းတယ်။ Reggae တွေ ကြိုက်တယ်။ နောက်ပိုင်း Rap တွေ နားထောင်ဖြစ်လာတယ်။ Acid… Acid ကို Hip Hop ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော့် ဦးနှောက်ထဲ စရောက်လာတာ Acid ပေါ့။
သီချင်းတစ်ပုဒ်ကို ဖြစ်ကတတ်ဆန်းလုပ်ချင်တဲ့စိတ် ကျွန်တော့်မှာ မရှိဘူး။ သေချာ တစ်ပုဒ်လုပ်ရင် တစ်ပုဒ်ကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်။ အရင်တုန်းကတော့ အရမ်းစည်းစနစ်ကျကျ လုပ်တယ်။ ဒါပေမယ့် ဒီနောက်ပိုင်းကျတော့ ခရီးတွေ ထွက်နေရတာနဲ့၊ ဟို Show ဆို ဒီ Show ဆိုနဲ့၊ လုပ်စရာရှိတာ လုပ်နေရတာနဲ့ အရင်ကလောက်တော့ ဂရုမစိုက်ဖြစ်တော့ဘူး။ အစ်ကို ခုနကမေးသလိုမျိုးဆိုလို့ရှိရင် ဒါက မိန်းကလေးတွေထဲမှာလည်း ခေတ်မီတဲ့သူတွေ များလာတယ်ပဲ ထားပါတော့ (ရယ်လျက်)။
သူတို့နိုင်ငံမှာပေါက်ခဲ့လဲ။ ဒီမှာဘာလို့ လက်မခံလဲ။ နေရာချင်းကလည်း ကွာတယ်။ ပြီးတော့ သူတို့ဆီမှာ နားထောင်လိုက်လို့ရှိရင် သီချင်းတစ်ပုဒ်က အဓိကက သီချင်းဆိုတာ ခံစားချက်ပါပဲ။ နားထောင်တဲ့သူရဲ့စိတ်ထဲမှာ feel ဖြစ်တယ်။ ဒီသီချင်းလေးကို… သိတယ်မလား။ Hip Hop လည်း ဖြစ်ချင်ဖြစ်မယ်။ Rock လည်းဖြစ်ချင်ဖြစ်မယ်။ Pop လည်းဖြစ်ချင်ဖြစ်မယ်။ အဲလိုဖြစ်နေတဲ့အတွက်ကို နားထောင်တဲ့သူက သူကြိုက်တဲ့ music ကို Hip Hop ကြိုက်ရင်လည်း ကြိုက်မယ်။ Rock ကြိုက်ရင်လည်း ကြိုက်မယ်။ ဒါပေမယ့် သီချင်းကောင်းလို့ရှိရင် နားထောင်မယ်။ ကျွန်တော်ဆိုလည်း နားထောင်တာပဲ။ ကျွန်တော်ဆို BOB ထဲက ဦးလေးဖြူအခွေထဲကဆို ကြိုက်တဲ့သီချင်း သုံးလေးငါးပုဒ်ရှိတယ်။ အဲလိုပဲ လင်းနစ်သီချင်းတွေလည်း ကျွန်တော်ကြိုက်တယ်။ နားထောင်တာပဲ။ အကုန်နားထောင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်စိတ်ထဲမှာ ဂီတကို ခွဲခြားတယ်ဆိုတာမျိုးမရှိဘူး။
အဲလိုသာပြောနေတာ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပုဒ်လုံးကို ချုံပြီးနားထောင်ကြည့်လိုက်မယ်ဆိုရင် သီချင်းက အရမ်းကို နုနေတယ်။ ကျွန်တော့် image နဲ့ အရမ်းကို ကွဲသွားပြီ။ အဲလိုသီချင်းမျိုးကို ကျွန်တော် နောက်ရှောင်ရမယ်။ ကျွန်တော့်ဘက်ကလည်း ရှောင်ဖို့ အပြည့်အ၀ စဉ်းစားထားပြီးသား။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ အချစ်သီချင်းဆိုမှ ပေါက်မယ်လို့ ဘယ်သူမှ မသတ်မှတ်ထားဘူး။ ကျွန်တော်ပေါက်ခဲ့တဲ့သီချင်းတွေက အချစ်သီချင်း တစ်ပုဒ်မှ မပါဘူး။
Q: ဂျောက်ဂျက်ကို အမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။ ဂျောက်ဂျက် ကိုယ်တိုင်ကရော Facebook တို့ Gmail တို့ သုံးလား။ ဘယ်လိုလဲဆိုတော့ ရန်ကုန်မှာရှိတဲ့ လူတွေကျတော့ ဂျောက်ဂျက်ကို စကားပြောချင်ရင် ဖုန်းဆက်ပြီးတော့ ပြောလို့ရတယ်။ နိုင်ငံခြားမှာရှိတဲ့သူတွေကျတော့ နေရာဒေသ အချိန်တွေဘာတွေ မတူတဲ့ အခါကျတော့ ဂျောက်ဂျက်ကို အဆက်အသွယ်လုပ်လို့ မရဘူးပေါ့နော်။ အဲဒီတော့ ဂျောက်ဂျက် ပရိသတ်တွေအတွက် Facebook ဒါမှမဟုတ်လို့ရှိရင် Gmail ပေါ့။ တစ်ခုခု ဘာများသုံးလဲ။
01.အန္တရာယ် Vs (SAI SAI) <DOWNLOAD HERE) 
Grace - ကိုဖြိုးလေးနဲ့ ကိုနေ၀င်းတို့ မင်္ဂလာပါရှင်။ ညီမကတော့ MYMC က Interviewer Graceပါ။ အခုလိုSnare အဖွဲ့နဲ့ တွေ့ရတာ ၀မ်းသာပါ တယ်ရှင်။ အခုပထမဆုံး အနေနဲ့ပေါ့နော် အကိုတို့ရဲ့ နာမည်အရင်း၊ မွေး နေ့နဲ့ အကိုတို့အကြောင်းလေးတွေကို MYMC ပရိသတ်ကြီးကို မိတ် ဆက်ပေးပါဦးနော်။
Grace - နောက် အကိုတို့အနေနဲ့ အနုပညာလောကကို စ၀င်ဝင်ချင်းမှာ အခက်အခဲ တွေတော့ တွေ့ခဲ့ရမှာပဲနော်။ အဲ့ဒီ့အခက် အခဲတွေကိုလည်း ဝေမျှပေးပါဦးရှင်။
Grace - နောက်အကိုတို့ရဲ့ single အခွေဖြစ်တဲ့ Rap Game ကလည်းတော်တော်လေး ကို အောင်မြင်ခဲ့တယ်နော်။ အဲ့ဒီ့အခွေအတွက် အကိုတို့ကြိုးစားခဲ့ရပုံလေးကိုလည်း ပြောပြပေးပါဦးရှင်။
Grace - အခုလောလောဆယ် အကိုတို့ရဲ့ အနုပညာလှုပ်ရှားမှုလေးကိုလည်း သိပါရစေရှင်။
Grace - အကိုတို့သီချင်းတွေရေးတဲ့အခါမှာ ဘယ်လိုခံစား ချက်မျိုး ဘယ်လိုစိတ်ကူးမျိုးနဲ့ ရေးလေ့ရှိပါသလဲရှင်။
Grace - နိုင်ငံတကာက ပရိသတ်တွေနဲ့ အကိုတို့လို အနုပညာရှင်တွေကို ဆက်သွယ်ပေးနေတဲ့ ညီမတို့ Myanmar Youth Media club အပေါ် အကိုတို့ရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါရှင်။