Sunday 11 September 2011

ဘဝရဲ့နိဗ္ဗာန် ဗီစီဒီ ထွက်ဖို့ကြာနေရတဲ့ ဂျေမီအကြောင်း


ဂျေမီက ‘ဘဝရဲ့နိဗ္ဗာန်’ ဗီစီဒီကို ရိုက်ကူး နေတာ ၃၊ ၄ ပုဒ်လောက်ပြီးသွားပြီ ဖြစ်ပါ တယ်။ သီချင်းကို ပုံဖော်မယ့် ဗီစီဒီပုံရိပ် အတွက် အိုင်ဒီယာကိုတော့ မိသားစုတွေ အကုန်လုံးပေါင်းပြီး စဉ်းစားကြကြောင်း ဂျေမီ က ပြောပါတယ်။ ဗီစီဒီပုံရိပ်တွေကို ခပ်ဆန်း ဆန်းလေးတွေ ရိုက်ပြထားတဲ့အတွက် ပရိသတ်တွေအနေနဲ့ ပုံရိပ်ကိုပဲ အာရုံစိုက်ပြီး သီချင်းအပေါ် အာရုံစိုက်မှုနည်းသွားမှာကို စိုးရိမ်မိလားဆိုတော့… ”အဲဒီလိုတော့ မစိုးရိမ်ဘူး။ လူကတစ် ချိန်တည်းမှာ အကြားအာရုံနဲ့အမြင်အာရုံက ၂ မျိုးစလုံး အလုပ်လုပ်လို့ ရနေတာပဲလေ။ တစ်ခါတလေကျရင် တီဗီမှာ စာတန်းထိုးပေး စရာတောင် မလိုဘူး။ လိုက်ပြီးနားထောင် တတ်ကြတယ်။ အခုကျွန်တော့်အခွေက ဗီစီဒီ ထက်ကို ဒီဗီဒီဖြစ်ဖို့များနေတယ်။ ဗီစီဒီပုံရိပ် တွေလှနေမှ ပရိသတ်တွေက ပိုကြိုက်ကြ တယ်လို့လည်း မဟုတ်ပါဘူး။ ပရိသတ်တွေ ကတော့ ဗီစီဒီထွက်လာပြီဆိုရင် ဝယ်ကြတာ ပါပဲ”လို့ပြောပါတယ်။ ဆက်လက်ပြီး ဂျေမီ က မြန်မာနိုင်ငံက အမ်တီဗီတွေ၊ ဗီစီဒီတွေနဲ့ နိုင်ငံတကာက အမ်တီဗီ၊ ဗီစီဒီတွေက ကွာ ခြားမှုတွေရှိနေပြီး အဓိကကွာခြားမှု အတွက် လိုအပ်ချက်တွေ ကတော့ စက်ပစ္စည်းပိုင်းနဲ့ ငွေကြေးပါပဲလို့ ပြောပါတယ်။ ဂျေမီရဲ့ ဗီစီဒီ က ပရိသတ်ကို တခြားဗီစီဒီတွေနဲ့မတူတဲ့ ရသတစ်ခုကို ပေးနိုင်မလားဆိုတဲ့ အမေးကို တော့… ”ကျွန်တော်က လေကြီး၊ မိုးကြီး တော့ မတိုက်ချင်တော့ဘူး။ အဓိကကတော့ ကျွန်တော့်ရဲ့ ဗီစီဒီက မညံ့ရဘူး။



ကောင်းရ မယ်။ ကောင်း ဖို့အတွက်လည်း မကြိုက်မချင်း ပြန်ရိုက်တယ်။ ဗီစီဒီ တစ်ပုဒ်လုံးရိုက်ပြီးသွား လို့ အရုပ်ထည့်တာ မလောက်ဘူးဆိုရင် အစ အဆုံးအရုပ်ထပ် ထည့်ကြည့် ပြီး ရိုက်တယ်။ တချို့တွေက ဗီစီဒီ ၂ ပုဒ်ကို တစ်ရက်တည်း ရိုက်ရင်ရိုက်တာလေ။ ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ဘူး။ အဆင်ပြေသလိုရိုက် တယ်။ ဒါကြောင့်လည်း ကြာနေတာပါ။ ကျွန် တော်တို့မှာက ကိုယ်ပိုင်ကင်မရာရှိနေတော့ အဆင်ပြေသွားတာပေါ့။ ဒီဗီစီဒီက ကျွန် တော်ကိုယ်တိုင် ပထမဆုံး ထုတ်တဲ့ ဗီစီဒီပေါ့။ ကျွန်တော်ကပရိုဂျူဆာကို မပေးချင်ဘူး။ ကိုယ်ကသူ့ကို ယုံကြည်ပြီးလွှဲအပ်ပြီးမှ ထွက် လာတော့ ကိုယ်ထင်တဲ့ အတိုင်းဖြစ်မလာခဲ့ရင် ကိုယ်ပဲဝမ်းနည်းရမှာလေ။ ကိုယ့်အခွေကိုယ် ထုတ်တော့ ကိုယ့်စိတ်ကြိုက်လုပ်လို့ရတာ ပေါ့။ ဗီစီဒီကတော့ နှစ်ကုန်လောက်ထွက်ဖို့ မှန်းထားတယ်”လို့  ပြောပါတယ်။

လင်းအက္ခရာ
Popular News

copied this post from here >

0 comments:

Post a Comment